Back

လောင်

လောင်
Cast:တိုင်ရွန် , ညီထွဋ်ခေါင် , ရှိန်းတင်ထူး , ချောရတနာ , ဖူးစုံ ,ထက်ထက်ထွန်း , ဆုအိမ့်စံ , သြဂတ်စ်မိုး
ဒေါ်မိုးထိချေသည် ဦးသတိုးကျော်နှင့် ဒေါ်မေငြိမ်းတို့ မိသားစုကို လက်စားချေရန်ကြံစည်နေသူဖြစ်သည်။ ဦးသတိုးကျော်နှင့် ဒေါ်မေငြိမ်းတို့တွင် အေးမြငြိမ်းနှင့် သုခကျော်ဆိုသည့် မောင်နှမနှစ်ဦးရှိသည်။ အေးမြငြိမ်းကိုမူ ခွန်ဇိုင်းဆိုသည့် ရိုင်းစိုင်းကြမ်းတမ်း၍ မဟုတ်မခံစိတ်ရှိသူနှင့် ကြံစည်လက်ထပ်ခိုင်းကာ နှိပ်စက်ခိုင်းခဲ့သည်။ သုခကျော်ကိုမူ သမီးဖြစ်သူ မိုးကို ချဉ်းကပ်ခိုင်းကာ လက်ထပ်ခိုင်းခဲ့သည်။ တကယ်တမ်း မိုးသည် ဦးသတိုးကျော်နှင့် ရခဲ့သည့် သမီးဖြစ်သည်ဟု သတင်းလွှင့်ခဲ့သည်။ မိုးထိချေ၏ ခလောက်ဆန်မှုအောင်မြင်ကာ ဦးသတိုးကျော် ဒေါ်မေငြိမ်းတို့ မိသားစုတွင် အပူမီးများ တောက်လောင်လာလေတော့သည်။ နောက်ပိုင်းတွင် ဒေါ်မိုးထိချေ၏ အမုန်းများက သူမကိုယ်တိုင်ကိုပင် ထိခိုက်လာလေတော့သည်။ ထိုလူတစ်စု၏ အတ္တအမှောင်ခြမ်းများက ဘယ်လောက်အထိ ပြင်းထန်လာမည်လဲ? ထိုအမှောင်ခြမ်းများကရော ပြေငြိမ်းလာနိုင်မည်လား