Back

ပျိုးဥယျာဉ်

ပျိုးဥယျာဉ်
Cast:ရန်အောင် , မင်းဘုန်းမြတ် , တေဇလင်းရောင် , ဆောင်းဝတ်ရည်မေ , သံသာညီ , ခြူးစစ်ဟန်၊မေသန်းနု
ကျောင်းအုပ်ဆရာကြီး ဦးစံငြိမ်းသည် စာသင်သက် (၅၀) ကျော်ရှိနေပြီဖြစ်သည့် နာမည်ကြီးဆရာကြီး တစ်ဦးဖြစ်သည်။ ပင်စင်ယူချိန် ကျော်လွန်နေပြီဖြစ်သည့်အပြင် မိမိတွင် ကင်ဆာရောဂါ ခံစားနေရသည်ကို သိလိုက်ရသဖြင့် နောက်ဆုံးအနေဖြင့် လက်ရွေးစင် တပည့် (၁၂) ဦးကို ရွေးချယ် မွေးထုတ်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ဆရာကြီး၏ ဇနီးကလည်း ဆရာကြီး ဦးစံငြိမ်းက ဘော်ဒါဆောင်ဖွင့်မည်ဆိုသည့် သတင်းသည် မိဘများကြားတွင် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားလေတော့သည်။ တပည့်ကောင်းများစွာ မွေးထုတ်ဖူးသည့် ဦးစံငြိမ်း၏ အရည်အချင်းကို တပည့်ဟောင်းများ ကောင်းစွာ သိကြ၍ သားသမီးများကို ဦးစံငြိမ်းထံ သူ့ထက်ငါ အလုအယက် အပ်လိုကြသည်။ ဦးစံငြိမ်းကျောင်းတွင် ဦးရဲထွန်း၊ ဒေါ်ရည်မွန် တို့ဖြစ်ပြီး ထိုဆရာတစ်ဦးစီတွင် ကိုယ်စီ စွဲကိုင်ထားသည့် အတ္တတစ်ခုစီလည်း ရှိနေကြသည်။ဦးစံငြိမ်းကျောင်းသို့ ကျောင်းသား (၁၂) ယောက် ရောက်ရှိလာကြသည်။ ထိုကလေး (၁၂) ယောက်သည် တစ်ယောက်တစ်မျိုးစီ စရိုက်လက္ခဏာများရှိသည်။ ဦးစံငြိမ်း သည် ကလေးများ၏ စိတ်နေစိတ်ထားကို အသေးစိတ်လေ့လာ၍ သွန်သင်ရန်ကြိုးစားသည်။ ဒီစာသင်နှစ်သည် ဆရာများသည် တပည့် (၁၂) ဦးကို သင်ပေးခြင်းများရှိသလို တပည့် (၁၂) ဦးထံမှလည်း ပြန်လည်သင်ခန်းစာ ရယူနိုင်သည်များ ရှိသည်။ ဦးစံငြိမ်းသည် ဒီစာသင်နှစ်တစ်နှစ်ပြီးလျှင် ဘဝကို လက်လျှော့ရတော့မည်ဟု တွေးထားသော်လည်း မိမိချစ်တပည့်များထံမှ သံယောဇဉ်၊ ရရှိသည့် သင်ခန်းစာများကြောင့် မိမိဘဝကို လက်မလျှော့ဘဲ ကျန်းမာရေးကောင်းအောင် ပြန်လည်ကုသမည်ဆိုသည့် စိတ်များ ပြန်ပေါ်လာခဲ့လေတော့သည်။ပါဝင်သည့် ကျောင်းသားကာရိုက်တာများ